ကြီးကိုးကြီး အဓိဋ္ဌာန်.. .
ကြီး..တနလာင်္ ဂြိုလ်က. ဂြိုလ် သက် ၁၅ နှစ်
ကိုး တနလာင်္ ဂြိုလ် က ဂြိုလ် သက် ၁၅ နှစ်
ကြီး တနလာင်္ ဂြိုလ် က ဂြိုလ် သက် ၁၅ နှစ်
၁၅+၁၅+၁၅=၄၅ နှစ် .....
နဝင်း ကိုခံ ကံကိုမြင့် ပြီး ကြီးပွား.
တိုးတတ်အောင် တနလာင်္ နေ့နံနက်ပိုင်းတွင်
ကြီးကိုးကြီး အဓိဋ္ဌာန် ကိုဝင်နိုင်ကြပါစေ။.။
ဇေယျ ဥာဏ်သွင်း
အာကာမိုးမင်း
သုခ ချမ်းသာ (တာချီလိတ်ဗေဒင်ဆရာများအသင်း) အာကာမိုးမင်း
Sunday, September 20, 2015
ရွှေလက်ကီး ငွေလက်ကီးကောင်းစေဖို့
နဝင်းပင်..ကိုစိုက်ကြစို့..
စစ်ဆောင်ပနား..ပင်..ကို.အိမ်၊ဟိုတယ်ပန်းခြံတွေမှာ..စိုက်ထားမယ် အလှဓာတ်သစ်ပင်အဖြစ် စိုက်ပျိုးထားမယ်ဆိုရင် ထူးခြားပြီး
ငွေ ကြေးလာဘ်လာဘတွေပွင့်လန်းပါလိမ့်မယ်....
စစ်ဆောင်ပနား ပင်ဟာ..ဂမုန်းပင်တမျိုးပါဘဲ..
ပြီးတော့ စစ်ဆောင်ပနား ပင်ဟာ ရုပ်နဝင်းမိပါတယ်...
စစ် က. ၃. ဆောင် က. ၃. ပ. က ၅. နားက
၇.. ပေါင်းတော့....
၃+၃+၅+၇=၁၈ ပါ နဝင်း ပေါ့...
နဝင်းလည်းမိတယ် ကံကိုလည်းကောင်းစေ
တယ်ဆိုတော့...
ဆောင်သင့်စိုက်သင့်တဲ့ အပင်လေးပါဘဲ.။
မသိသူတွေသိပါစေ ။
သိပြီးသူများ ပညာဉာဏ်တိုးပွားကြပါစေ ။
ပညာညာဏ်သွင်း

မြန်မာပြည်မှ အထင်ကရ ကက်ကင်း အဆွဲဓာတ်ကြီးများ
မြန်မာ ပြည်မှာ.ကက်ကင်း သဘောနဲ့
ချိတ်ဆက်မိနေတဲ့အရာတွေရှိတယ်။
ကောင်းကျိုးပြုတဲ့ကက်ကင်း အနေနဲ့ဆိုရင်
ရွှေတိဂုံ နဲ့ကျိုက်ထီးရိုး ပါ..
ရွှေ က. ၄. တိ က ၇ ဂုံ က ၂. ပေါ့
ကျိုက် က ၂. ထီး က ၇ ရိုး က ၄ ပေါ့
၄၇၂ အပြန် ၂၇၄. ပေါ့ ကောင်းကျိးပေးတဲ့ကက်ကင်းပေါ့.
ဒါကြောင့် ရွှေတိဂုံ စေတီမှာဘုရားဖူးများ
မပြတ်စည်ကားသလို
ကျိုက်ထီးရိုး စေတီမှာလည်း..ဘုရား ဖူးများမပြတ်စည်ကားပါတယ်၊။
ကျွန်တော် အခုနေထိုင်တဲ့တာချီလိတ်မြို့လေးမှာလည်း...ကက်ကင်း သဘောနဲ့ ကောင်းကျိုးပြုနေတာရှိသလို.မကောင်းကျိုးပြုနေတာလည်းရှိပါတယ်၊
တာချီလိတ် မြိုရဲ့ကက်ကင်း အဖြစ်နဲ့ ရီဂျီးနား
ဂေါက်ကလပ် ဟာကက်ကင်းသဘောအမြင်နဲ့
အပြန်အလှန်ချိတ်ဆက်မိနေပါတယ်၊
တာချီလိတ်မြို့ကြီးမှာအရပ်လေးမျက်နှာမှလူသွားလူလာမပြက်သလို
ရီဂျီးနား.ဂေါက်ကလပ်ဟာလည်း
လူသွားလူလာမပြက်ပါဘူး.
တာချီလိတ် နဲ့ အပြန်အလှန်ကက်ကင်းတခုကတော့ နိုက်ကလပ် ပါဘဲ.
လူသွားလူလာမပြက်လူဝင်လူထွက်မပြက်
ပါဘဲ၊
နောက်တခုကစီးပွားရေးသမားတွေ
တိတိကြကြပြောရရင် အောင်မြင်တဲ့စီးပွားရေး
သမားတွေဆိုရင်တာချီလိတ်မြို့မှာ.လောကနက်ပုံလေးတွေဆောင်ထားတတ်ပါတယ်၊
နောက်တခုက တာချီလိတ်မြို့မှာ..လက်ခုပ်တီး
ရင် လာဘ်ပွင့်တယ် လက်ခုပ်တီးသံကြားရင်
ရည်ရွယ် ချက်ရည်မှန်းချက်များအမြန်အောင်မြင်ကြပါတယ်။
ကက်ကင်း ပညာနဲ့ကိုယ်တွေ့များကို အများသူငါသိစေလို
ဖတ်စေမှတ်စေလို၍ ပညာခွင်ဖြင့်ဖော်ပြပါသည်။
အများသူငါ.လိုရာပြည့်ပြီးအေးချမ်းကြပါစေ။
မြုပ်လုံးတွေပြန်ပေါ်ဖို့ မုန့်လုံးရေပေါ်
မြုပ်နေတဲ့ငွေတွေပြန်ပေါ်လာအောင်..မုန့်လုံးရေပေါ်သက်စေ့ လုပ်ပြီး.၁၀ လုံး..ဘုရားလှူ.
ပိုတာကိုတိုင်လည်းစား..အိမ်နီးချင်းတွေကိုလည်.ကျွေး.ရင်းဆုတောင်းပါ...
လျုင်စွာမြုပ်နေသောငွေများ..ပြန်လည်
ရရှိပါလိမ့်မည်။
မသိသူများ သိပါစေ ။
သိပြီးသူများ ပညာဉာဏ်တိုးပွားကြပါစေ ။
မုဒိတာဉာဏ်သွင်း..

ကျောက်ပြင်
ကျောက်ပြင်..
ယနေ့ခေတ်လူငယ်တော်တော်များများဆိုးလာကြပြီ။
လူကြီးတွေလည်းစည်းကမ်းမရှိ
ထင်သလိုပြော အိမ်ထောင်ရေးဖောက်ပြန် အကျင့်ပျက် လာကြပြီ ဆိုးလာကြပြီ။
လူလတ်ပိုင်းတွေလည်း ငါကအခုမှအရွယ်ရောက်တာ ဒီအရွယ်ကဲထားမှ ရှုပ်ထားပွေထားအုံးမှဘဲ ဆိုပြီးတော့ဆိုးလာကြပြီ။
အဲ့ဒီ လိုမျိုးဆိုးတဲ့လူ အကျင့် ပျက်တဲ့လူ တယောက် မိသားစုတွင်း မိတ်ဆွေ စတဲ့တနေရာမှာရှိလာပြီဆိုလျှင် စိတ်ညစ်ရပြီ။
စိတ်ရှုပ်လာရပါပြီ။ အဲ့ဒီ လိုဖြစ်လာပြီဆိုလျှင်မိတ်ဆွေတွေနဲ့တိုင်ပင်ကြ နီးစပ်ရာအကူအညီတောင်းကြပြီ။ တချို့ဆိုဗေဒင်ဆရာ ဆီမှာအကူအညီတောင်းကြပါတယ် ။
အဲဒီလိုမျိုး အခက်အခဲ ကြုံလာတဲ့လူတွေကိုဗေဒင်ဆရာတွေ က အစီအရင် အဆောင်အယောင်တခုလုပ်ပေးတတ်ပါတယ် ။
အဲဒီလို အခက်အခဲ ကြုံလာပြီဆိုလျှင် ကျွုန်ုပ်
အနေနဲ့ ကတော့ ဆိုးသူ ရိုင်းသူ ညံ့နေသူရဲ့
ဓာတ်ပုံ ကို ကျောက်ပြင် နဲ့ဖိပြီး ကျောက်ပြင် ပေါ်မှာမီးထွန်းခိုင်းပါတယ် ။
အဒီလိုမီးထွံန်းတဲ့အခါမှာ တနင်္ဂနွေ သားသမီး တယောက် ဆိုးနေပြီညံ့နေပြီး ရိုင်းနေပြီဆိုလျှင် သောကြာနေ့.နံနက် ၈း၀၀ နာရီ မှာမီးစထွန်းပါ။
၁၅ ရက်ဆက်တိုက်မီးထွန်းပြီး ဆန္ဒပြုပါ ဆုတောင်းပါ။
တနလာင်္ သားသမီး တယောက် ဆိုးနေပြီ
ညံ့နေပြီ ရိုင်းနေပြီဆိုလျှင် စနေနေ့ နံနက်
၈း၀၀ နာရီ မှာမီးစထွန်းပါ ။ ၈ ရက်ဆက်တိုက်မီးထွန်းပြီး ဆန္ဒပြု ပါ ဆုတောင်းပါ။
အဂါင်္ သားသမီး တယောက် ဆိုးနေပြီ ညံ့နေပြီ ရိုင်းနေပြီဆိုလျှင် တနင်္ဂနွေ နေ့ နံနက် ၈း၀၀ နာရီ ရီမှာမီးစထွန်းပါ။ ၁၇ ရက်ဆက်တိုက်မီးထွန်းပြီး ဆန္ဒပြု ပါ ဆုတောင်းပါ။
ဗုဒ္ဓဟူး သားသမီး တယောက် ဆိုးနေပြီ ညံ့နေပြီ ရိုင်းနေပြီဆိုလျှင် တနလာင်္ နေ့ နံနက် ၈း၀၀ နာရီ မှာမီးစထွန်းပါ ။ ၁၀ ရက်ဆက်တိုက်မီးထွန်းပြီး ဆန္ဒပြု ပါ ဆုတောင်းပါ။
ကြာသပတေး သားသမီး တယောက် ဆိုးနေပြီ ညံ့နေပြီ ရိုင်းနေပြီဆိုလျှင် အဂါင်္ နေ့ နံနက် ၈း၀၀ နာရီ မှာမီးစထွန်းပါ ။ ၁၂ ရက်ဆက်တိုက်မီးထွန်းပြီး ဆန္ဒပြု ပါ ဆုတောင်းပါ။
သောကြာ သားသမီး တယောက် ဆိုးနေပြီ ညံ့နေပြီ ရိုင်းနေပြီဆိုလျှင် ဗုဒ္ဓဟူး နေ့ နံနက် ၈း၀၀ နာရီ မှာမီးစထွန်းပါ ။ ၆ ရက်ဆက်တိုက်မီးထွန်းပြီး ဆန္ဒပြု ပါ ဆုတောင်းပါ။
စနေ သားသမီး တယောက် ဆိုးနေပြီ ညံ့နေပြီ ရိုင်းနေပြီဆိုလျှင် ကြာသပတေး နေ့ နံနက် ၈း၀၀ နာရီ မှာမီးစထွန်းပါ ။ ၁၇ ရက်ဆက်တိုက်မီးထွန်းပြီး ဆန္ဒပြုပါ ဆုတောင်းပါ။
အဲဒီလိုမျိုး ဆိုးနေသူ ညံ့နေသူ ရိုင်းနေသူ ရဲ့ ဓာတ်ပုံကို ကျောက်ပြင်နဲ့ဖိပြီး မီးထွန်း ဆုတောင်းမယ်ဆိုလျှင် ဆိုးနေသူ ညံ့နေသူ ရိုင်းနေသူ ဟာ သူ့အလိုလို ဆိုးခြင် ညံ့ခြင် ရိုင်းခြင် နေတဲ့ ဆန္ဒတွေကို ကျောက်ပြီး သူ့အလိုလို ကောင်းအောင်ကြိုးစားချင်စိတ် ဖြောင့်မတ်တတ်ကြွစွာနေလိုစိတ်တွေ နဲ့ပျော်ရွှင်တဲ့ လူ့ဘောင်လူ့လောကထဲကိုပြန်လည်ရောက်
ရှိလာပါလိမ့်မယ်။ အဖေ အမေ အမ အဒေါ်စသည့်မည့်သူကဖြစ်ဖြစ်ပြုလုပ်ပေးနိုင်ပါသည်။
ကျောက်ပြင် လေးတချပ်ပေါ်မီးထွန်းရုံနဲ့
မိသားစုတွင်း၊ ပတ်ဝန်းကျင်တွင်း ၊ရပ်ကွက် တွင်း၊ မြို့တွင်း ၊နယ်တွင်း ၊နိုင်ငံတွင်း ၊ကမ္ဘာတွင်းမှာ
အေးချမ်းအောင် ငြိမ်းအေးအောင် သာယာအောင်ဆောင်ရွက်နိုင်ကြပါစေ။
မသိသူများသိပါစေ ။
သိပြီးသူများ ပညာဉာဏ်တိုးပွားကြပါစေ ။
ဇမ္ဗူ ကျော်တိုက်ပေါ်မှ .. ..
အာကာမိုးမင်း.

လာဘ်ပွင့်ဖယောင်းတိုင်ပြုလုပ်ပုံ
လာဘ်ပွင့် ဖယောင်းတိုင် စီရင်နည်း..
မိုးတွင်းကာလကြီးမှာ အရောင်းအဝယ်ကလည်းမကောင်း
စီးပွားရေး ကလည်းအဆင်မပြေ
ငွေ ကြေးလာဘ်ပိတ်နေသူတွေအတွက်
လက်ဖက် ရေမွှေး ဓာတ်ဆင်၍
လာဘ်ပွင့် ဖယောင်းတိုင် ပြုလုပ်မီးထွန်းပု
ံ
လေးကိုဆရာစားမချန်ဘဲဖော်ပြပေးပါမယ်။
လိုအပ်တာကတော့ လက်ဖက် စို အစိတ်သား
ရွှေပြည်နန်း ရေမွှေး ၆ ဘူး.
ဖယောင်းတိုင် တစ်ထုပ်...
အရင်ဆုံးလက်ဖက်နဲ့ရေမွှေးကို
သမသွားအောင် ရောမွှေပါ.
အဲ့ဒီ လိုရောမွှေနေချိန်မှာ.ကိုနှစ်သက်ရာ
ဂါထာ မန္တန်တခုကိုရွတ်ဆိုပါ.
(ကျွန်တော်က တော့ မဟာပရိတ်ကြီး ဘဲရွတ်ပါတယ်)
အဲ့လိုမျိုး ရွှတ်ဆိုခြငိးဟာ ကိုယ့်ရဲ့ အစွမ်းအစ နဲ့
လက်ဖက် ရေမွှေးကို သိဒ္ဓိ တင်လိုက်တာပါ.
အဲ့ဒီ လက်ဖက်ရေမွေး သမအောင်ရောမွှေပြီး
သိဒ္ဓိ တင်ထားတဲ့ လာဘ်ပွင့် ဆေးရေကို
ဖယောင်းတိုင် မှာ ပွတ်လိမ်းပါ.
လာဘ်ပွင့် ဆေးရေ ဖယောင်းမှာပွတ်လိမ်းနေချိန်မှာ လည်း ကိုနှစ်သက်ရာ ဂါထာ မန္တန်တခုခု ရွှတ်ဆိုပါ.
(ကျွန်တော်က တော့ မဟာပရိတ်ကြီး ကိုရွတ်ဆိုပါတယ်)
လာဘ်ပွင့်ဆေးရေပွတ်လိမ်းထားတဲ့ဖယောင်းတိုင်ကို
အိမ်မှာ မီးထွန်း ရင်အိမ်လာဘ် ပွင့်ပါတယ်
ဆိုင်မှာမီးထွန်းရင် ဆိုင်လာဘ်ပွင့်ပါတယ်.
လာဘ်ပွင်ဆေးရေ သုတ်လိမ်းထားတဲ့ဖယောင်းတိုင်ကို မီးထွန်းတဲ့အခါမှာ လည်း
ကိုနှစ်သက်ရာ ဂါထာ မန္တန်ကိုရွှတ်ဆိုပါ
(ကျွန်တော်က တော့ မဟာပရိတ်ကြီး ကိုဘဲရွှတ်ဆိုပါတယ်)
ခုလိုမျိး လာဘ်ပွင့် အစီးရင်လုပ်တဲ့နေရာမှာ
ပစ္စည်း ကောင်းကိုရွေးချယ်ပါ.
နာမည်ကောင်းကို ရွေးချယ်ပါ.
နာမည်ကောင်းတော့ ပညတ် ကောင်းပါတယ်
ပညတ် ကောင်းတော့ ဓာတ်သက်စူးပါတယ်
ဓာတ်သက် စူးတော့ နဝင်းကြေပါတယ်
နဝင်းကြေရင် ယတြာ အဆောင်အစီးအမံတွေ
တန်ခိုးပြီး အင်မတန် အစွမ်းပြပါတယ်.
ဥပမာ ရွှေပြည်နန်း ရေမွှေး ဘူဆိုပါတော့
နန်းဆိုတာကလည်း ကောင်းပါတယ်
နန်က တသံထဲနဲ့အဓိပ္ပါယ် နှစ်မျိုးထွက်ပါတယ်
နမ်း တယ် နှစ်သက်တယ် ဆိုတဲအဓိပ္ပါယ်လည်း
ရပါတယ်. အဲဒီ တော့ လာဘ်ပွင့် အစီအမံ ကပေါများဖို့ အဆင်ပြေဖို့အတွက် လူတွေနှစ်သက်ဖို် အဓိ က ပြုလုပ်တာပါ
နန်းဆိုတာကလည်း နှစ်သက်ခြင်း
အေးချမ်းခြင်းတမျိုးပါဘဲ
နမ်း ဆိုတဲ့ ရွှေပြည် ကလူတွေ နမ်း မယ်
ဆိုလို့ ကတော့ ဘာပြောကောင်းမလည်း....
အစစအရာရာ အဆင်ပြေပြီပေါ့.။
မသိသေးသူများသိပါစေ၊။
သိပြီးသူများ ပညာဉာဏ်တိုးပွားကြပါစေ ။
ဇမ္ဗူ ကျော် မှ လူတော် ..
. အာကာမိုးမင်း

ကွန်ပျူတာသင်တန်း ကြော်ငြာလေးပါ
Global Computer Training Center
ကွန်ပျူတာသင်တန်း
အခြေခံမှစတင်ပြီး ကျွမ်းကျင်တတ်မြောက်စေရန် စံနစ်တကျလေ့ကျင့် သင်ကြားပေးသော သင်တန်းဖြစ်သည်။
စတင်လေ့လာသူများအတွက် အခြေခံအဆင့် (Microsoft Window Operating System)
Microsoft Window Xp သင်တန်း ( သင်တန်းကာလ -1 လ ခွဲ)
Microsoft Window Seven
Microsoft Window Eight 8
၎င်းသင်တန်းများသည် ကွန်ပျူတာ စတင်အသုံးပြုသူများအတွက် အထူးသင့်တော်သော သင်တန်းဖြစ်သည်။
သင်ကြားမည် Couse Outline မှာ
Microsoft Window Operating Couse တွင် ကွန်ပျူတာ တစ်ခုလုံး၏ အလုပ်လုပ်ပုံကို လုံးဝ ကျွမ်းကျင်တတ် မြောက်အောင် သင်ကြားပေးမည် Course ဖြစ်သည်။
လုံးဝ အခြေကျသော Very Basicting Foundation Course ဖြစ်သည်။ ၄င်းသင်တန်းပြီးဆုံးလျှင် ကွန်ပျူတာ တစ်ခုလုံး၏ အလုပ်လုပ်ပုံများကို ကျွမ်းကျင်တတ်မြောက်သိအတွက် A+ သင်တန်းကို ဆက်လက်လေ့လာလျှင် နောက်ထပ် 1 လ အချိန်ပေးလျှင် သင်ကိုယ်တိုင် ကွန်ပျူတာ ပြင်နိုင်သော ကွန်ပျူတာ Technican တစ်ယောက်ဖြစ်လာမည့် အခွင့်အရေးဖြစ်သည်။ Course Outline Detail မဖော်ပြချင်တော့ပါ .. သင်တန်းကြေးမှာ မြန်မာငွေ ကျပ် (60000) ထိုင်းဘတ်ငွေ 2000 ဘတ်ဖြစ်သည်။
ရုံးသုံးစာစီစာရိုက် သင်တန်းတွင်
Microsoft Office Version များ ဖြစ်ကြသော 2003, 2007, 2010, 2013 စသော Software များစွာကို မည့်သည့် Software မဆို ကျွမ်းကျင်တတ်မြောက်စေရန် သင်ကြားပေးသော သင်တန်းဖြစ်သည်။
သင်ကြားသော သင်တန်းများမှာ
Microsoft Office Excel
Microsoft Office Word
Microsoft Office PowerPoint
Adobe Pagemaker 7.0.1
နှင့် ဓါတ်ပုံပြုပြင်ခြင်းသင်တန်းများကို ဈေးနှုန်းချိုသာစွာဖြင့် သင်ကြားပြသပေးမည် ဖြစ်ပါသည်။ ကွန်ပျူတာပြုပြင်ခြင်း သင်တန်း၊ Network ချိတ်ဆက်ခြင်း သင်တန်း၊ အခြားCourse များစွာကို သင်ကြားပေးမည်ဖြစ်သည်။
မိမိသိလိုသော အခြားအကြောင်းအရာများကိုလည်း စိတ်ရှည်စွာဖြင့် ရှင်းလင်းသင်ကြားပေးမည်ဖြစ်သည်။
လစဉ်ပုံမှန် တန်းခွဲရှိသည်။ သင်တန်းပြီးဆုံးလျှင် သင်တန်းဆင်းလက်မှတ်ကို ချီးမြှင့်ပေးမည်းဖြစ်သည်။
တာချီလိတ်မြို့ ၏ တစ်ခုတည်းသော သင်တန်း Global Computer Training Center.
အ၀ိုင်းအနီး၊ အမှတ် (၁) တံတား၊ ဇမ္ဗူကျော်တိုက်ခန်း ၊ အမှတ် E-3 ၊ ထိုင်း 0888041047, မြန်မာ- 09250839462
စက်တစ်လုံး တစ်ဦးစီဖြင့် တစ်နေ့စာသင်ချိန် 13း0 နှုန်းဖြင့် တင်္နလာနေ့မှာ သောကြာနေအထိ သင်ကြားပေးသည်။
စေတနာ၊ ၀ါသနာ၊ အနစ်နာ ဖြင့် ထိရောက်အောင် သင်ကြားပေးသော သင်တန်းဖြစ်သည်။

Subscribe to:
Posts (Atom)