တနေ့သ၌ ကျွန်ုပ်သည် စိုက်ပျိုးရေးခြံတွင် တစ်လလုပ်အားခ (၃၀၀၀)ကျပ်ဖြင့် အလုပ်
လုပ်နေစဉ် မှော်ဝင်နေသော အဒေါ်ကြီးတစ်ယောက်က ကောင်လေး နင့်ပုံစံနဲ့
ဒီအလုပ်က မစပ်ဟပ်ဘူးဟေ့ဆိုလာလေ၏ အကျွနုပ်လည်း ဘာလဲ ဒီအဒေါ်ကြီး
ဘာတွေလာပြောနေလဲပေါ့ ဟဲ့ ငါကဘာတွေလာပြောရမှာတုန်း နင့်ရဲ့ အနာဂါတ်ကို
ပြောနေတာပေါ့ဟု ရုတ်တရက် စကားသံထွက်ပေါ်လာလာ၏။ ကျွန်ုပ်မှလည်း ... ကဲ ဒါဆိုလဲ
ဟောစမ်းပါအုံးဗျာ ပြောလိုက်လေ၏။
ဒါနဲ့ အဒေါ်ကြီးက နင့် ပုံစံ ဆရာဖြစ်မယ့် လူ၊ အဲဒါနဲ့ ကျွနုပ်ဟုတ်လို့လား
အဒေါ်ကြီး ... ဟုတ်မှလည်း ပြောစမ်းပါ အဒေါ် ကြီးရာ ကျွနုပ်က ညာဖီးတွေကို
သိပ်အယုံအကြည်မရှိဘူးဗျာ့ ဟိုတချိန်က အကျွနုပ်သည် .. ဗေဒင်နှင့်
ပါတ်သတ်ပြီး နကန်းတလုံး သိသူမဟုတ်ပေ။ အဲ့ဒီအဒေါ်ကြီး နဲ့
တကြိမ်သာတွေ့ဆုံခဲ့ပြီး နောက်မဆုံဖြစ်တော့ပေ။ အဲ့ဒီနောက်ပိုင်း
အကျွနုပ်လည်း ရန်ကုန်ကို ရောက်သွားပြီး မှော်ဘီကို နောက်ထပ်အလုပ်တစ်ခု
ပြောင်းလုပ်ခဲ့သည် နောက်ထပ်လုပ်သော အလုပ်တွင် သူဌေး၏ မိတ်ဆွေသည် လက်ရှိ
ဆရာကြီးမင်းသိင်္ခ၏ တပည့်ဖြစ်သည်။ သူသည် အကျွနုပ်အား ပြောကြားလာသည်။ မင်း
ဆရာကြီးဆီသွားမလား .. မင်းအတွက် ကုန်ကျစရိတ်တွေ ငါအားလုံး အကုန်အကျခံမယ်
... ဆရာကြီးဆီ ပညာသင်နေစဉ်အတွင်း တူညီဝတ်စုံဖိုးကို ငါကဘဲ အကုန်ပေးမယ်
ဆိုပြီး ပြောလာလေ၏။ ထိုအချိန်တွင် သူဌေး၏ မိတ်ဆွေ ဆိုသူမှာ သူ၏
ကိုယ်ပိုင်ဟောခန်းဖွင့် ထားပြီး ပုံမှန် ဗေဒင် လာမေးသူများနှင့်
အဆင်ပြေနေပေပြီ။ကျွန်ုပ်ကလည်း စဉ်းစားဦးမယ် ဆိုပြီး
စဉ်းစားခန်းဖွင့်နေလိုက်သည်။ ဟေ့ ကိုယ်လူ ခင်ဗျားက ဘာလို့
အဲလောက်အချိန်ဆွဲနေတာလဲ ...... ခုခေတ်က မြန်မှ မြန်မာဖြစ်မှာ ... ဘာဆိုလည်း
သူများတွေ ပြောပြောနေတဲ့ အိုင်တီ ခေတ်ဆိုလား ဘာလား....။ နည်းပညာမှသည်
သတင်းအချက်အလက် ။ အို ပြောရင်းဆိုရင် ကျော်ငြာက ၀င်နေမိပေါ့ .....
ဒါဆိုလည်း ကျွန်ုပ်က တက်မယ်ဗျာ ပြောလိုက်လေ၏။
အဲလိုနဲ့ နေကောင်းရက်သားရွေးပြီး လစဉ် အခမဲ့ ရှစ်ရက်ဗေဒင်သင်တန်း ကို
ဆရာကြီးမှ ထမင်းကျွေး၊ လဘက်ရည်အခမဲ့တိုက်ပြီး သင်ပေးနေသော
မရမ်းတလင်းခြံဆီသို့ ပထမဦးဆုံး ခြေချခဲ့ပေပြီ။ဆရာကြီးခြံအတွင်းမှာ ...
ခုနှစ်ရက်သင်တန်းကို တက်ခဲ့သည်။ သင်တန်းပြီးသော်လည်း ကျွန်ုပ်က
ဆရာကြီးခြံထဲမှာ ဘဲ အခြား အခြားသော သင်တန်းသစ်များ၏ ဝေယာဝစ္စ များကို
ကူညီလုပ်ကိုင်ပေးရင်း ... သင်တန်းပေါင်းများစွာ၏
အတွေ့အကြုံပေါင်းများစွာကို သင်ယူခဲ့ရပေသည်။ ခြံထဲမှာနေရင်းပင် ဆရာကြီး၏
အထောက်အပံ့ဖြင့် ဘွဲ့ရသည်အထိ ပညာသင်ယူခဲ့ပေသည်။ ဘွဲ့ရပြီးသော်လည်း
၎င်းရရှိသော ဘွဲ့ဖြင့် အစိုးရ၀န်ထမ်းလုပ်ရန် .
အကြောင်းများစွာတိုက်ဆိုင်ခဲ့သော်လည်း မလုပ်ခဲ့ပေ။ ကျွန်ုပ်အင်မတန်မှ
ဝါသနာပါသော ဗေဒင်ပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုရန် ဆုံးဖြတ်
လုပ်ကိုင်ခဲ့ပေသည်။
No comments:
Post a Comment