Sunday, September 20, 2015

လာဘ်ပွင့်ဖယောင်းတိုင်ပြုလုပ်ပုံ

လာဘ်ပွင့် ဖယောင်းတိုင် စီရင်နည်း..

မိုးတွင်းကာလကြီးမှာ  အရောင်းအဝယ်ကလည်းမကောင်း
စီးပွားရေး ကလည်းအဆင်မပြေ
ငွေ ကြေးလာဘ်ပိတ်နေသူတွေအတွက်
လက်ဖက် ရေမွှေး ဓာတ်ဆင်၍

လာဘ်ပွင့် ဖယောင်းတိုင် ပြုလုပ်မီးထွန်းပု

လေးကိုဆရာစားမချန်ဘဲဖော်ပြပေးပါမယ်။

လိုအပ်တာကတော့ လက်ဖက် စို အစိတ်သား

ရွှေပြည်နန်း ရေမွှေး ၆ ဘူး.

ဖယောင်းတိုင် တစ်ထုပ်...

အရင်ဆုံးလက်ဖက်နဲ့ရေမွှေးကို
သမသွားအောင် ရောမွှေပါ.

အဲ့ဒီ လိုရောမွှေနေချိန်မှာ.ကိုနှစ်သက်ရာ
ဂါထာ မန္တန်တခုကိုရွတ်ဆိုပါ.

(ကျွန်တော်က တော့ မဟာပရိတ်ကြီး ဘဲရွတ်ပါတယ်)
အဲ့လိုမျိုး ရွှတ်ဆိုခြငိးဟာ ကိုယ့်ရဲ့ အစွမ်းအစ နဲ့

လက်ဖက် ရေမွှေးကို သိဒ္ဓိ တင်လိုက်တာပါ.

အဲ့ဒီ လက်ဖက်ရေမွေး သမအောင်ရောမွှေပြီး
သိဒ္ဓိ တင်ထားတဲ့ လာဘ်ပွင့် ဆေးရေကို
ဖယောင်းတိုင် မှာ ပွတ်လိမ်းပါ.
လာဘ်ပွင့် ဆေးရေ ဖယောင်းမှာပွတ်လိမ်းနေချိန်မှာ လည်း ကိုနှစ်သက်ရာ ဂါထာ မန္တန်တခုခု ရွှတ်ဆိုပါ.
(ကျွန်တော်က တော့ မဟာပရိတ်ကြီး ကိုရွတ်ဆိုပါတယ်)
လာဘ်ပွင့်ဆေးရေပွတ်လိမ်းထားတဲ့ဖယောင်းတိုင်ကို
အိမ်မှာ မီးထွန်း ရင်အိမ်လာဘ် ပွင့်ပါတယ်

ဆိုင်မှာမီးထွန်းရင် ဆိုင်လာဘ်ပွင့်ပါတယ်.

လာဘ်ပွင်ဆေးရေ သုတ်လိမ်းထားတဲ့ဖယောင်းတိုင်ကို မီးထွန်းတဲ့အခါမှာ လည်း
ကိုနှစ်သက်ရာ ဂါထာ မန္တန်ကိုရွှတ်ဆိုပါ

(ကျွန်တော်က တော့ မဟာပရိတ်ကြီး ကိုဘဲရွှတ်ဆိုပါတယ်)

ခုလိုမျိး လာဘ်ပွင့် အစီးရင်လုပ်တဲ့နေရာမှာ
ပစ္စည်း ကောင်းကိုရွေးချယ်ပါ.
နာမည်ကောင်းကို ရွေးချယ်ပါ.

နာမည်ကောင်းတော့ ပညတ် ကောင်းပါတယ်
ပညတ် ကောင်းတော့ ဓာတ်သက်စူးပါတယ်
ဓာတ်သက် စူးတော့ နဝင်းကြေပါတယ်

နဝင်းကြေရင် ယတြာ အဆောင်အစီးအမံတွေ
တန်ခိုးပြီး အင်မတန် အစွမ်းပြပါတယ်.

ဥပမာ ရွှေပြည်နန်း  ရေမွှေး ဘူဆိုပါတော့

နန်းဆိုတာကလည်း ကောင်းပါတယ်
နန်က တသံထဲနဲ့အဓိပ္ပါယ် နှစ်မျိုးထွက်ပါတယ်

နမ်း တယ် နှစ်သက်တယ် ဆိုတဲအဓိပ္ပါယ်လည်း
ရပါတယ်. အဲဒီ တော့ လာဘ်ပွင့် အစီအမံ ကပေါများဖို့ အဆင်ပြေဖို့အတွက် လူတွေနှစ်သက်ဖို် အဓိ က ပြုလုပ်တာပါ
နန်းဆိုတာကလည်း နှစ်သက်ခြင်း
အေးချမ်းခြင်းတမျိုးပါဘဲ
နမ်း ဆိုတဲ့ ရွှေပြည် ကလူတွေ နမ်း မယ်
ဆိုလို့ ကတော့ ဘာပြောကောင်းမလည်း....

အစစအရာရာ အဆင်ပြေပြီပေါ့.။

မသိသေးသူများသိပါစေ၊။

သိပြီးသူများ ပညာဉာဏ်တိုးပွားကြပါစေ ။

ဇမ္ဗူ ကျော် မှ လူတော်   ..

.                                 အာကာမိုးမင်း

No comments:

Post a Comment